Spread the love

တနင်္သာရီ၊ ဩဂုတ် (၃၁)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာကနေ ဒီနေ့ မနက် ၇ နာရီခွဲကျော်က ခြေလျင်တက်လာတဲ့ စစ်ကောင်စီအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က (၄) ယောက်သေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မြိတ် ကပြောပါတယ်။

“ဇဝဲကျေးရွှာ ၅၅၆ တပ်ရင်းမှ တနင်္သာရီဘက်သို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ခြေလျှင်တက်လာသော စစ်ကောင်စီစစ်ကြောင်း” ကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေနိုင်သေးပေမယ့် စာရင်းအတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မြိတ် က ဒီနေ့ နေ့လယ်ပိုင်းမှာ ပြောပါတယ်။

ဒီနေ့ မနက်တိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မြိတ် နဲ့ တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့ မြိတ်မြို့-တနင်္သာရီ လမ်းမကြီးတစ်လျှောက်ကို ည (၆) နာရီကနေ နံနက် (၆) နာရီအထိ ခရီးသွားလာတာ မပြုလုပ်ဖို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မြိတ်က သတိပေးပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *