Spread the love

ကယား၊ စက်တင်ဘာ (၃)

ကယားပြည်နယ် (ကရင်နီ) ဘောလခဲမြို့နဲ့ မယ်စလောင်းတောင်ကြားမှာရှိတဲ့ ရေကျော်စခန်းအတွင်းက စစ်ကောင်စီရုပ်အလောင်း (၆) လောင်း၊လက်နက်ငယ် (၇)လက် ၊9MM ပစ္စတို (၁)လက် ၊ ငါကြင်းမြီး (၁)လက် ၊ (၈၁)မမ ပြောင်း (၁) ပြောင်း နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF က ဒီနေ့မှာ ပြောပါတယ်။

ရေကျော်စခန်းကို ပြီးခဲ့တဲ့ ဩဂုတ်လ (၈)ရက်နေ့က KA ၊ KNDF ၊ KNPLF တို့က ပူးပေါင်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက လွိင်ကော်- ဒီးမော့ဆို လမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးပြီး ပန်ကန်း ၊ ဒေါပိုးစီ ၊ (၆)မိုင်စံပြ ကျေးရွာတွေက အရပ်သားပြည်သူတွေရဲ့ နေအိမ် (၄၀)ကျော်ကို ဩဂုတ်လအတွင်းက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *