Spread the love

ရန်ကုန်၊ စက်တင်ဘာ (၅)

စစ်ကောင်စီက မြန်မာပြည်သူတွေရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးစတဲ့ အကျိုးစီးပွားနဲ့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့ လုပ်ရပ်တွေကို ကျူးလွန်နေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောပါတယ်။

စစ်အုပ်စု (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) က “မြန်မာနိုင်ငံအား အလုံးစုံပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်နေသာ အဖွဲ့အစည်းဖြစ်ခြင်း၊ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကို ပျက်စီးထိခိုက်စေသော အဖွဲ့အစည်းဖြစ်ခြင်းတို့ကြောင့် တိုင်းပြည်နှင့် ပြည်သူလူထု၏ ရန်သူ (Enemy of the State) အဖြစ် သတ်မှတ်ကြောင်း” ဒီနေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းတွေ၊ ကာကွယ်ရေး၊ လုံခြုံရေးယန္တရားတွေမှာ ပါဝင်ဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်းလုပ်ရပ်တွေကို နိုင်ငံတော်နဲ့ ပြည်သူလူထုကိုသစ္စာဖောက်ဖျက်မှုနဲ့ စစ်ရာဇဝတ်မှုကျူးလွန်ဖို့ ထောက်ခံအားပေးတဲ့ ရာဇဝတ်လုပ်ရပ်တွေအဖြစ် သတ်မှတ်လိုက်ပြီး ပြည်သူလူထုတရပ်လုံးအနေနဲ့ စစ်အုပ်စုရဲ့ စီမံဆောင်ရွက်စေခိုင်းမူတွေကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင် သွားကြပါဖို့ကိုလည်း NUG က တိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *