Spread the love

ရန်ကုန်၊ စက်တင်ဘာ (၆)

လက်နက်မဲ့ လာရောက် အလင်းဝင်တဲ့ စစ်ကောင်စီရေတပ်က တပ်ကြပ်ညီညီလွင် လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေလည်း ချီးမြှင့်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရန်ကုန်တိုင်းစစ်ဌာန ကပြောပါတယ်။

တပ်ကြပ်ညီညီလွင် က စစ်ကောင်စီ ရေတပ်၊ အမှတ်(၂) ဗျူဟာစစ်ရေယာဉ်စု (မော်လမြိုင်)(ဟိန်းဇဲဒေသ) လက်အောက်ကဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရန်ကုန်တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆီကို လာရောက် ပူးပေါင်းခဲ့တာ ဖြစ်တယ်လို့ မနေ့ညက ထုတ်ပြန်ချက်မှာ အရသိရပါတယ်။

လက်နက်ချပြီး ပြည်သူနဲ့ပူးပေါင်းလိုတဲ့ စစ်ကောင်စီတပ်သားတွေကို လက်ခံကြိုဆိုကာ လူ့အခွင့်အရေး အပြည့်အဝရရှိစေပြီး လက်နက်နဲ့ အလင်းဝင်လာသူတွေကို ဆုငွေတွေ ချီးမြှင့်ပေးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *