Spread the love

ရခိုင်၊ စက်တင်ဘာ (၇)

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ မောင်ရွှေလေးရွာနဲ့ ကွင်းဝိုင်းရွာကြားမှာရှိတဲ့ စစ်ကောင်စီ ရေတပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအတွင်းက စစ်လက်နက်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် AA က မနေ့ညပိုင်းမှာ ပြောပါတယ်။

“ဤ ရေတပ်စခန်းအား မိမိတို့မှ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ တပ်ဖွဲဝင် (၄၀၀) ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့သည်။ ရန်သူသည် ၎င်းတို့၏ ဒဏ်ရာရ၊ ကျဆုံးသော သူများကို စစ်သင်္ဘောများဖြင့် သယ်ဆောင်ပြီး စစ်တွေ နှင့် ဧရာဝတီတိုင်းဖက်သို့ အကြိမ်ကြိမ်သယ်ယူ ရွှေ့ပြောင်းသွားနိုင်ခဲ့သည်။ ရန်သူ့အလောင်းများအား မိမိတို့မှ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့” တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီ ရေတပ်စခန်းကို တစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး အခုလ စက်တင်ဘာလ (၅) ရက် ညနေပိုင်းက အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *