Spread the love

ရန်ကုန်၊ စက်တင်ဘာ (၁၁)

စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်တွေကို မှတ်တမ်းတင်ထားပြီး အကြမ်းဖက် တိုက်ခိုက်မှုကို မလိုလားတဲ့ ယဉ်ကျေးတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို မှတ်တမ်းတွေ ပေးပို့သွားမှာ ဖြစ်တယ်လို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ ကပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားက ကလေး၊ လူကြီး၊ ကိုယ်ဝန်ဆောင်၊ အရပ်သား၊ ရဟန်းရှင်လူ၊ ပြည်သူလူထုတွေ အပါအဝင် စစ်သုံ့ပန်းတွေအဖြစ် ဖမ်းဆီးထားတဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ သေဆုံး၊ ဒဏ်ရာရရှိတာတွေ နေ့စဉ်နီးပါး ဖြစ်ပျက်နေပါတယ်။

စစ်ကောင်စီရဲ့ အမိန့်ပေးတာခံနေရတဲ့ လေသူရဲတွေအနေနဲ့ အခုလို စစ်ကောင်စီ တိုက်ခိုက်မှုတွေမှာ ပူးပေါင်းဆောင်ရွက်တာတွေ မပြုလုပ်ဖို့ နောင်မဟာမိတ် (၃) ဖွဲ့ ကတိုက်တွန်း ပြောဆိုထားပါတယ်။

မြန်မာတစ်နိုင်ငံလုံးက မိဘပြည်သူ လူထုတစ်ရပ်လုံးအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကို သတိထားကြဖို့ သူတို့က သတိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *