Spread the love

ရန်ကုန်၊ စက်တင်ဘာ (၁၅)

စစ်ကောင်စီအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို လိုအပ်နေတဲ့သူတွေကို အကူအညီပေးအပ်ဖို့ နဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လေးစားတန်ဖိုးထားဖို့ လိုတယ်လို့ အမေရိကန်သံရုံးရန်ကုန် က ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။

“လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို လိုလားတောင်းတနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ မိမိတို့အတူတကွ ရပ်တည်နေ” ပါတယ်လို့ ဒီနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ သူတို့က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ပြည်သူတွေအတွက် ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရရှိတာဟာ ဒီမိုကရေစီဖြစ်ပြီး ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လုံခြုံရေးကို တိုးတက်အောင်ဆောင်ရွက်ဖို့အတွက် လူ့လောကရဲ့ အဓွန့်ရှည် အတည်တံ့ဆုံးနည်းလမ်းဖြစ်တယ်ဆိုတယ်လို့ သူတို့က ထောက်ပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *