ရန်ကုန်၊ စက်တင်ဘာ (၂၀)
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ၁၀၇ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း နဲ့ ရာအိမ်မှူး ဦးဆွေမြင့်အောင် တို့ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း နဲ့ ရာအိမ်မှူး ဦးဆွေမြင့်အောင် ဟာ နေရာမှာပဲသေဆုံးသွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း နဲ့ ရာအိမ်မှူး ဦးဆွေမြင့်အောင် တို့ဟာ ဒီနေ့မနက်ပိုင်းက ငုဝါမြိုင်လမ်းအတွင်းက ရပ်ကွက်ရုံး အရှေ့မှာ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။