Spread the love

မန္တလေး၊ စက်တင်ဘာ (၂၉)

ဒီနေ့ မနက်အစောပိုင်း (၂) နာရီကျော်က စစ်ကောင်စီရဲ့ မန္တလေးတိုင်းဒေသကြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM ကပြောပါတယ်။

BWM ရဲ့ Mission 22 အဖြစ် စစ်ကောင်စီ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ စစ်ကောင်စီရဲ့ အရေးကြီးတဲ့ စစ်တိုင်းဌာနချုပ်ဖြစ်လို့ အခုလို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ BWM က ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အခုတိုက်ခိုက်မှုမှာ (၃) ကြိမ်မြောက်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ပထမအကြိမ်နဲ့၊ ၂၀၂၄ ခုနှစ် စက်တင်ဘာ (၃) ရက်နေ့က ဒုတိယအကြိမ် တိုက်ခိုက်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *