Spread the love

စစ်ကိုင်း၊ အောက်တိုဘာ (၃)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာအထိုင်ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ကို ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်း (၄၂) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ KLGPDF – ကျောက်လုံးကြီး ကပြောပါတယ်။

ကူတော်ရွာ အထိုင်ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ကို စက်တင်ဘာ (၃၀) ရက် နေ့လယ်က ကြားဖြတ်ခဲ့ပြီးတော့ စစ်ကောင်စီ အလောင်း (၃၁) လောင်းကို တွေ့ရှိခဲ့သလို တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးဘက်က (၄) ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပြီးတော့ လက်နက်ခဲယမ်းနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေဖြစ်တဲ့ BA100 ပြောင်းတို (၂)လက်၊ MA 13 (၂) လက်၊ G3 (၆)လက်၊ MA 11 (၆)လက်၊ MA 3 (၁၁)လက်၊ MA 1 (၂၂) လက်၊ MA 2 (၂) လက်၊ MA 4 (၁) လက်၊ ၆၀ မမ ဗုံးသီး (၇) လုံး၊ RPG ကျည် (၄) လုံး၊ ၈၁ မမ ဗုံးသီး (၁) လုံး၊ အီနာဂါဗုံးသီး (၇) လုံး၊ ကွန်ကျူး (၇) ဖူး၊ MT (၂)စီး၊ ကင်းထောက်ဒရုန်း (၁)စီး၊ ဂျန်ပါ (၁)လုံး၊ ဆက်သွယ်ရေးစကားပြောစက် (၁)လုံး နဲ့ မီးကျည် (၄၀) သိမ်းဆည်းရမိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုတိုက်ခိုက်မှုကို ULF စစ်ကြောင်းက စစ်ကြောင်းမှူး ကိုမင်း ဦးဆောင်ပြီး SAF (ကျောင်းသားလက်ရုံးတပ်တော်)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင် တပ်ရင်း-၂၀၊ ဘုတလင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဘုတလင်-ပကဖ)၊ ဘုတလင်မိုဘိုင်းတပ်ဖွဲ့နဲ့ ULF စစ်ကြောင်း အဖွဲ့ဝင်တွေဖြစ်တဲ့ KLGPDF-ကျောက်လုံးကြီး အပါအဝင် တခြားတော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *