Spread the love

ရန်ကုန်၊ အောက်တိုဘာ (၂၂)

တိုင်းပြည်ရဲ့ စီးပွားရေးက ကိုဗစ်ဖြစ်ပြီးနောက် ကျဆင်းခဲ့ပေမယ့် လက်ရှိအချိန်မှာ တိုင်းပြည်စီးပွားရေးက ပြန်လည် ဦးမော့လာပြီလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

“သို့သော်ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုးတက်မှု အားနည်းနေဆဲ” ဖြစ်တယ်လို့ မနေ့က အစည်းအဝေးမှာ သူက ဝန်ခံပြောဆိုလိုက်ပါတယ်။

နိုင်ငံ့စီးပွားရေး တိုးတက်လာစေဖို့နဲ့ ကုန်ထုတ်လုပ်ငန်းတွေကို အင်ပြည့်အားပြည့် အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ သူက တိုက်တွန်းထားပါတယ်။

အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ လူဦးရေတစ်ဝက်နီးပါးက ဆင်းရဲမွဲတေနေခဲ့ပြီး အဲ့ဒီထဲက လူဦးရေ ၁၅ သန်း ကျော်က စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အခု ၂၀၂၄ ခုနှစ်မှာ မြန်မာ့စီးပွားရေး အခြေအနေက ၁ ရာခိုင်နှုန်းသာ တိုးတက်နိုင်တယ်လို့ ကမ္ဘာ့ဘဏ် ခန့်မှန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *