ပဲခူး၊ အောက်တိုဘာ (၂၇)
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာဘက်ကို တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က (၆) ယောက် နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ၆ Black Dragon GBK – PDF က ဒီနေ့မှာ ပြောပါတယ်။
အင်အား (၁၀၀) ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို အောက်တိုဘာ (၂၅) ရက်နေ့ မနက်က ဥယျာဉ်ကြီးကျေးရွာထိပ်မှာ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က (၆) ယောက် နေရာမှာပဲ သေဆုံးခဲ့ပြီးနောက် PDF ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က (၅) ယောက် ထပ်မံသေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတွေရဲ့ အနီးမှာ သွားလာနေထိုင်တာတွေ လုံး၀(လုံး၀) မပြုလုပ်ဖို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ၆ Black Dragon GBK – PDF က သတိထားပါတယ်။