Spread the love

ရန်ကုန်၊ အောက်တိုဘာ (၂၇)

မြန်မာနိုင်ငံအတွင်း ပဋိပက္ခနဲ့ သဘာဝကပ်ဘေးတွေကြောင့် အရေးပေါ်လိုအပ်ချက်တွေ တိုးပွားလာတယ်လို့ အမေရိကန်မြန်မာသံရုံးက ထုတ်ပြောလိုက်ပါတယ်။

ပြည်သူတွေရဲ့ အရေးပေါ်လိုအပ်တွေက အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကယ်ဆယ်ရေးပစ္စည်းတွေ၊ ကာကွယ်ရေးအထောက်အကူတွေ၊ အရေးပေါ် နားခိုစရာတွေ၊ သန့်ရှင်းတဲ့ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းတွေ ဖြစ်တယ်လို့ အခု အောက်တိုဘာ (၂၅) ရက်နေ့က ပြောပြပါတယ်။

“မြန်မာနိုင်ငံတစ်ဝန်း အရေးပေါ်အသက်ကယ်ဆယ်ရေး အကူအညီ လိုအပ်လျက်ရှိသည့် လူ့အသိုက်အဝန်းများကို အကူအညီပေးရန် အ‌မေရိကန်ပြည်ထောင်စုက ဆက်လက် သံန္နိဋ္ဌာန်ချထားပြီး တစ်နိုင်ငံလုံးရှိ ပြည်သူများထံသို့ လူသားချင်းစာနာမှုအကူအညီများ အတားအဆီးမရှိ ပေးအပ်နိုင်စေရေးအတွက် စစ်အာဏာရှင်အဖွဲ့အစည်းမှ အာဏာပိုင်များနှင့် ပဋိပက္ခနှင့် သက်ဆိုင်သူများကို” လည်း သူတို့က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၂၄ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေးလုပ်ငန်းစီမံချက်တွေအတွက် ရန်ပုံငွေ အများအပြား လိုအပ်နေပေမယ့် ၂၈ ဒဿမ ၅ ရာခိုင်နှုန်းကိုသာ ရရှိထားတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး OCHA Myanmar က အခု အောက်တိုဘာလ (၁၀) ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *