Spread the love

ရန်ကုန်၊ အောက်တိုဘာ (၂၈)

မြန်မာနိုင်ငံက ပြည်သူအများစုမှာ စိတ်ဒဏ်ရာတွေ ရရှိနေလို့ လူမှုစိတ်ပိုင်းဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း အခြေအနေက စိန်ခေါ်တွေနဲ့ ပြည့်နှက်နေတဲ့ အခြေအနေ၊ အသက်အန္တရာယ် ခြိမ်းခြောက်မှု ကြီးမားတဲ့ ပတ်ဝန်းကျင် အခြေအနေ ဖြစ်တယ်လို့ အောက်တိုဘာ (၂၅) ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ အစည်းအဝေးမှာ သူက ထောက်ပြခဲ့ပါတယ်။

“တစ်ဖက်တွင်လည်း မြန်မာနိုင်ငံအရေးအား ဖြေရှင်းနိုင်ရန် အဓိကဇစ်မြစ်ကို မေ့လျော့၍ မရကြောင်း၊ ယင်းဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာတို့ဖြစ်ကြောင်း” သူက ပြောပါတယ်။

စစ်ကောင်စီကြောင့် သေဆုံးရသူ ပြည်သူ စုစုပေါင်း (၅၈၈၆) ယောက်ရှိနေပြီ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အခုလ အောက်တိုဘာ (၂၅) ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *