Spread the love

ရန်ကုန်၊ဖေဖော်ဝါရီ(၃)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အတွင်းမှာ တော်လှန်ရေးလူငယ်တွေက ” ကြောက်ပြီး ပုန်းမှာလား၊ မကြောက်ပဲ ကြုံးမှာလား ” စာတန်းရေးဆွဲပြီး ဒီနေ့မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

“ကျနော်တို့စာတန်းရေးပြီး ဆန္ဒပြတာ၊ စစ်ခွေးတွေက အသေကြောက်ပြီး ဗုံးရှင်းတဲ့ဝတ်စုံတွေဝတ်ပြီး အယောက်(၂၀)ကျော်လောက်ရှိမယ်

စာတန်းတွေကို လာဖြတ်သွားတယ်” လို့ အဲ့ဒီဆန္ဒထုတ်ဖော်မှုမှာ ပါဝင်တဲ့ ပြည်သူတစ်ဦး က ပြောပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အတွင်းမှာ စစ်အာဏာရှင်ကို အလိုမရှိတဲ့ ပြည်သူတွေက အာဏာဖီဆန်ပြီး ဆန္ဒထုတ်ဖော်တာတွေ ဆက်လက်ပြုလုပ်နေပြီး နွေဦးတော်လှန်ရေး အတွင်းမှာ ပြည်သူ(၂၀) ကျော် ပစ်သတ်ခံထားရတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။