Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၄)

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မှာ တစ်သောင်းတန် ငွေအတုတွေနဲ့အတူ ထုတ်လုပ်စက်၊ သယ်လာသူ အမျိုးသား (၃) ဦးကို ဖမ်းမိခဲ့တယ်လို့ ပုလဲဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Royal Eagle တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မနေ့က နေ့လည်ပိုင်းမှာ High Class Express ယာဉ်ကို မသင်္ကာလို့ တားဆီးစစ်ဆေးရာမှာ တစ်သောင်းကျပ်တန် ငွေစက္ကူအတု အရွက်ငါးဆယ်၊ ထုတ်လုပ်စက်တွေနဲ့အတူ လူ(၃) ဦးကို ဖမ်းမိခဲ့တာလို့ပြောပါတယ်။

ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)လက်အာက်ခံ Royal Eagle တပ်ရင်း ၊ (ပုံတောင်တိုက်ဂါး Royal Eagle တပ်ခွဲ ၂) နဲ့ ပုလဲနယ်တောင်ပေါ် ပုဏ္ဏက Royal Eagle တပ်ခွဲ (၃) က ဖမ်းမိခဲ့တာပါ။

“မနေ့က ၁၂နာရီ လောက်က မိတာ။ ငွေအတုနဲ့ ထုတ်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ သယ်လာတဲ့ မိတ္တူကူးစက်တွေ၊ လောလောဆယ် စစ်ဆေးဆဲ အခြေအနေမို့ နောက် ဆက်တွဲတော့မသိရသေးဘူး” လို့ ဖမ်းဆီးရာမှာပါဝင်တဲ့ PDF တစ်ဦးက ပြောပါတယ်။

ငွေအတုတွေနဲ့ ဆက်စပ်ဖမ်းမိသူ (၃) ဦးနဲ့အတူ Express ကား၊ မိတ္တူစက်တွေနဲ့ ယာဉ်ပေါ်ပါအခြားပစ္စည်းတွေကို လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။