Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၆)

ဗြိတိန်နိုင်ငံ၊ Sandringham၊ Queen’s Norfolk နေအိမ်မှာ မနေ့က ဗြိတိန်ဘုရင်မကြီး Elizabeth (အဲလိဇဘက်) နန်းတက်တာ နှစ် (၇၀) ပြည့်တဲ့ ပလက်တီနမ်ရတု အထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့ပါတယ်။

ပလက်တီနမ်ရတု ပွဲမှာ ဘုရင်မကြီးက အပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး

အထိမ်းအမှတ်ကိတ်ကို ခွဲခဲ့တာပါ။

ဘုရင်မကြီးရဲ့ ပလက်တီနမ်ရတု အထိမ်းအမှတ်အဖြစ် အစိုးရက ရုံးပိတ်ရက်ကို အပိုထပ်ဆောင်းပေးတဲ့ အနေနဲ့ လေးရက်တာ သတ်မှတ်ပေးခဲ့ပါသေးတယ်။

အသက် (၉၅) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဲလိဇဘက်ဟာ သူ့ဖခင်ဘုရင်ကြီး George VI ကွယ်လွန်မှာ ဗြိတိန်နိုင်ငံရဲ့ ဘုရင်မကြီးဖြစ်လာခဲ့တာပါ။