Spread the love

ဒီနေ့ မနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ ကန်တော်ကြီးဘေးမှာ “လူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့ ချီတက်ကြ” စာသားချိတ်ဆွဲပြီး ကျောင်းသားသမဂ္ဂများ မဟာမိတ်အဖွဲ့ (ရန်ကုန်) က စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြခဲ့ပါတယ်။

စစ်ကောင်စီက မနေ့ ညနေပိုင်းက ဗီနိုင်းချိတ်ဆွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေတဲ့ လူငယ်တစ်ဦးကို နေရာမှာပဲ သေနတ်နဲ့ပစ်ခတ်ခဲ့ပါသေးတယ်။