ရန်ကုန်၊ ဖေဖော်ဝါရီ (၁၁)
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ထိပ်မှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မဟာမိတ်ညီနောင်အဖွဲ့တွေက ဗုံးပစ်သီး (၂) လုံးနဲ့ ပစ်ခတ်တိုက်ခိုက်လိုက်လို့ (၂၀) ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ရန်ကုန်ဖက်ဒရယ်တပ်မတော် ဦးစီးမှူး ကိုကျော်လေးက ပြောပါတယ်။
စစ်ကောင်စီတပ်သား (၄၀) ကျော် တပ်ဆွဲထားတဲ့ အဆောက်အဦးထဲကို Yangon Federal Army – YFA နဲ့ Civil Guerrilla Force က ပူးပေါင်းပြီး ဒီနေ့ မနက် (၅) နာရီကျော်က M79 40MM ဗုံးသီး နှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်လိုက်တာပါ။
အခု Mission ဟာ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ ပျံလွှားအောင်စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းဖြစ်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်တဲ့အထိ ဆက်လက်တော်လှန် တိုက်ခိုက်သွားမှာဖြစ်တယ်လို့ သူတို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။