Spread the love
ရုပ်သံ_ ပကဖရေဦး

ရန်ကုန်၊ဖေဖော်ဝါရီ(၂၇)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့၊ တိုင်းရင်းဆေးရုံအတွင်း ခိုအောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေကို ဒီနေ့မနက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“စစ်ခွေးများ၊ ပျူကောင်များ အခြေပြုနေသည့် တိုင်းရင်းဆေးရုံဝန်းအတွင်းသို့ ရေဦးမြို့နယ် PDF/ပကဖ နှင့် ဒေသတော်လှန်ရေး အဖွဲ့ခွဲတို့ ပူးပေါင်းပြီး အဝေးပစ်လေးနဲ့ ခြောက်လုံးပစ်သွင်းခဲ့ပါတယ်။ ထုံးစံအတိုင်း စစ်ခွေးများကလည်း ဆဲဆိုရမ်းသမ်း ပြန်ပစ်တယ် ၊ ပြီးတော့ နီးစပ်ရာဆွဲမယ်။ ဆိုတော့ ပြည်သူများဂရုစိုက်ပါ။ ကျနော်တို့ရဲဘော်များ ဘေးကင်းစွာဖြင့် သတ်မှတ်နေရာသို့ ပြန်ရောက်ရှိပါပြီ။ ပြည်သူများ မြေပြင်သတင်း ရယူပြီးမှ သွားလာပါ” လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရေဦးက အသိပေးထုတ်ပြန်ထားပါတယ်။