Spread the love

ရန်ကုန်၊မတ် (၁)

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မန္တလေး-ဗန်းမော်ကားလမ်းကြီးပေါ် အင်ဒေါင်းကျေးရွာလမ်းခွဲမှာ ဒီနေ့နေ့လည် (၁၁) နာရီကျော်က တိုက်ပွဲဖြစ်ခဲ့လို့ အကြမ်းဖက်စစ်သား အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့က ညပိုင်းမှာ အင်ဒေါင်းကျေးရွာကနေ ညအိပ်ပြီး ဆက်လက်ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်သား (၇၀) နီးပါးပါတဲ့တပ်ဖွဲ့ကို ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့ နဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ထိခိုက်ဒဏ်ရာရတဲ့ အကြမ်းဖက်စစ်သားတွေကို လူနာတင်ယာဉ်တွေနဲ့ သယ်ကာ ချိန်သင်ရွာအနီး ကျွန်းတောထဲမှာ စခန်းချကုသနေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု အတိအကျ မသိရသလို အင်ဒေါင်းလမ်းခွဲနားက နေရာတချို့ကို အကြမ်းဖက်စစ်သားတွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ခဲ့ပေမယ့် မဟာမိတ်ပူးပေါင်းတော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မနက်ပိုင်းမှာပဲ မန္တလေး-ဗန်းမော် မဟာဗျူဟာလမ်းမပေါ်၊ ပေါက်နက်ကျေးရွာ နဲ့ အောင်သာယာကျေးရွာကြားမှာ အကြမ်းဖက်စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရလို့ အကြမ်းဖက်စစ်သား (၃) ယောက်သေဆုံးကာ တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါသေးတယ်။