Spread the love

ရန်ကုန်၊ မတ် (၂၀)

စစ်ကောင်စီရဲ့ အကြီးမားဆုံး ဒေါက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးတွေ အနေနဲ့ လက်နက်ခဲ့ယမ်းတွေကို စွန့်လွတ်ပြီး စစ်ကောင်စီကို အားပေးကူညီတာ လုံးဝမပြုလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) PPDF က သတိပေးပြောဆိုလိုက်ပါတယ်။

“သတိပေးပြီးသည့်တိုင်အောင် စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် ဆက်လက်အားပေး ကူညီဆောင်ရွက်နေမည် (သို့) လက်နက်များ ဆက်လက်ကိုင်ဆောင် ထားမည်ဆိုလျှင် ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်မှ လက်နက်များ ဆက်လက်ကိုင်ဆောင် ထားမည်ဆိုလျှင် ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် မှ စစ်ရေးအရ ပြင်းထန်စွာ အပြစ်ပေး အရေးယူမည်ဖြစ်ကြောင်း” ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အခုမတ်လ (၁၉) ရက်နေ့က စတင်ကာ ဧပြီလ (၂) ရက်နေ့ နောက်ဆုံးထားပြီး ရက်ပေါင်း (၁၅) ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးတွေ အနေနဲ့ တာဝန်ထမ်းဆောင်နေတာတွေကို ရပ်ဆိုင်းပြီး နှုတ်ထွက်ကြဖို့ကို PPDF က သတိပေး ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၁၇) ရက် မနက် (၇) နာရီခွဲဝန်းကျင်က မြိတ်မြို့နယ်၊ ပပြင်ကျေးရွာ အုပ်စုဘက်ကနေ ဘဲမဒီကျေးရွာဘက်ကို စစ်ကြောင်းထိုးဖောက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ PPDF၊ မြိတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (MPFF) ၊ မြိတ်အခြေခံကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MKLPDF) တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါသေးတယ်။