ရန်ကုန်၊ ဧပြီ (၂၇)
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဧရာဝတီပတ်လမ်းမှာရှိတဲ့ ယာဉ်ထိန်းရဲရုံးအတွင်းကို လက်ပစ်ဗုံးနှစ်လမ်း၊ မိုင်းတစ်လုံးနဲ့ သေနတ် အချက်ပေါင်း (၁၀) ချက်နီးပါးပစ်ခတ်ကာ တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပျောက်ကျားအဖွဲ့ YUGA က ပြောပါတယ်။
မနေ့ ည (၇) နာရီခွဲက တိုက်ခိုက်ခဲ့တာဖြစ်လို့ “ရဲခွေးတွေ ပြင်းပြင်းထန်ထန်ဒဏ်ရာရှိခဲ့ပြီး အသေအပျောက်တွေရှိနိုင်” တယ်လို့ သူတို့အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
တိုက်ခိုက်မှုကို YUGA(MO-7 Eagle) နဲ့ Shwepyithar Defence Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုစစ်ဆင်ရေးက နန်းထိုက်အောင်စစ်ဆင်ရေး နဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ (၂၉) ရက်နေ့က ရွှေပြည်သာမြို့နယ်၊ ထ/၁၆ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး နဲ့ ဧပြီ (၂၀) ရက်နေ့ကလည်း ဒ(၁၇) ရပ်ကွက်၊ လှော်ကားလမ်းမကြီးပေါ်က လူကယ်ပြန်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို ရွှေပြည်သာမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ SDF က ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။
Sakura