ရန်ကုန်၊ မေ (၂၈)
နိုင်ငံရေးမကောင်းတာကို အခွင့်ကောင်းယူပြီး ပြည်သူလူထုရဲ့ ပစ္စည်းတွေကို ခိုးယူလုနှိုက်နေတာတွေကို ရပ်တန်းကရပ်ဖို့ ညီညီအောင် ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁၀) ဖွဲ့က ဒီနေ့မှာ နောက်ဆုံးအနေနဲ့ သတိပေးပြောကြားလိုက်ပါတယ်။
ညီညီအောင် ဟာ ပြည်သူလူထုရဲ့ ပစ္စည်းတွေကို ခိုးယူလုနှိုက်နေတာတွေ လုပ်နေတယ်ဆိုတာကို စုံစမ်းသိရှိရပြီး ရပ်တန်းကရပ်ဖို့နဲ့ ဆက်လက်လုပ်ကိုင်နေပါက UG ညီကိုတွေက သက်ညှာမှာ မဟုတ်ဘူးလို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
နောက်ဆုံးနေတဲ့ သတိပေးခံရတဲ့ ညီညီအောင် ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောကျွန်းဆွယ်ရပ်ကွက် မှာ နေထိုင်သူ ဖြစ်ပါတယ်။
မုံရွာမြို့၊ ကျောက္ကာရွာမှာ စစ်ကောင်စီတပ်တွေ နားလေ့ရှိတဲ့ အ.ထ.က ကျောင်းရှေ့ ဂိတ်တဲကို မနေ့က မီးရှို့ခဲ့တယ်လို့ UG တွေက ပြောပါတယ်။
မေလ (၂၄) ရက်နေ့က စတင်ကာ အနက်ရောင်စစ်ဆင်ရေး ကို မုံရွာမြို့အတွင်း အရှိန်တိုးမြင့်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မုံရွာတပ်ပေါင်းစုက သတိပေးထုတ်ပြန်ထားပါတယ်။
Sakura