Spread the love

ဒီဇင်ဘာ (၂၃)

တောင်အာဖရိကနိုင်ငံဟာ နိုင်ငံတွင်းဖြစ်ပွားနေတဲ့ ကိုဗစ် စတုတ္ထလှိုင်း ကူးစက်နေသူ၊ ဆေးရုံတက်နေသူ နဲ့ သေဆုံးသူတွေကနေ ရရှိတဲ့ အချက်အလက်ကို အခြေခံပြီး အိုမီခရွန်နဲ့ ပက်သက်ပြီး သုတေသနပြုလေ့လာရာ အိုမီခရွန် မျိုးကွဲဟာ တခြားကိုဗစ်မျိုးကွဲတွေထက် ပိုမိုအားပျော့တာကို လေ့လာတွေ့ရှိမှု အသစ်တစ်ခုအရ သိရပါတယ်။

“အံ့သြစရာကောင်းတာက ကျွန်မတို့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ တခြားအမျိုးအစားတွေနဲ့ ယှဉ်ရင် အိုမီခရွန်က ပိုအားပျော့တယ်ဆိုတာကို အပြုသဘောဆောင်တဲ့ ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ အမှန်တကယ်အကြံပြု ပြောကြားလိုပါတယ်လို့” အမျိုးသား ကူးစက်ရောဂါများဆိုင်ရာ ပညာရေးသိပ္ပံ (NICD) မှာ ပါမောက္ခ ရှဲရို ခိုရွိန် (Cheryl Cohen) မှ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တောင်အာဖရိကဟာ ကိုဗစ် ၁၉ ရောဂါကူးစက်မှုအသစ်တွေ သိသိသာသာ ကျဆင်းလာတာဖြစ်တဲ့အတွက် နိုင်ငံရဲ့ ကြီးမားတဲ့ အိုမီခရွန် ကူးစက်မှု အရှိန်အဟုန် အထွတ်အထိပ်ကို ကျော်သွားပြီဖြစ်တယ်လို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက မကြာသေးမီရက်များအတွင်းက ပြောကြားခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ အာစထရာ ဇန်နီကာ (AstraZeneca) ဟာ အိုမီခရွန်ကို သီးသန့်ပစ်မှတ်ထားပြီး ပိုမိုကောင်းမွန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို တီထွင်ဖို့အတွက် အောက်စဖို့ တက္ကသိုလ် နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကုမ္ပဏီက ကြေညာခဲ့ပါတယ်။

ပြင်သစ်နိုင်ငံကို အိုမီခရွန် ဗိုင်းရပ်မျိုးကွဲအသစ်ဟာ လျင်မြန်စွာပျံ့နှံ့နေပြီး မကြာခင်က ပြင်သစ်နိုင်ငံမှာ တစ်ရက်ကို ကိုဗစ်ရောဂါကူးစက်မှုအသစ် တစ်သိန်း ခန့်ရှိလာနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီး အိုလီဗီယာ ဗီရမ်က သတိပေး ပြောဆိုထားပါသေးတယ်။

Aung

မူရင်းသတင်း- https://www.aljazeera.com/news/2021/12/22/singapore-suspends-quarantine-free-travel-live-updates?fbclid=IwAR0MktP2RGfUz6tlt-cHp6PXwcaoHzgGsFja6KBvC8WZDkEc32h8ZVad1HI