Spread the love

ရန်ကုန်၊ သြဂုတ် (၄)

အရပ်ဝတ်နဲ့ ဆိုင်ကယ်မောင်းလာတဲ့ တပ်ကြပ်ကြီး သန်းထွန်းမောင် ကို ပစ်ခတ် ရှင်းလင်းလိုက်ပြီဖြစ်တယ်လို့ G.O.D (HTY) က ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်အခြေစိုက် ခမရ (၅၈၉) တပ်ရင်း မှာ တပ်ကြပ်ကြီး သန်းထွန်းမောင် ဟာ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

အရပ်ဝတ်နဲ့ ဆိုင်ကယ်မောင်းလာတဲ့ တပ်ကြပ်ကြီး သန်းထွန်းမောင် ကို မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာ၊ ဝင်းကံတံတားပေါ်မှာ သြဂုတ် (၂) ရက်နေ့ ညနေပိုင်း ပစ်ခတ်ရှင်းလင်းလိုက်တာ ဖြစ်တယ်လို့ G.O.D (HTY) ထုတ်ပြန်ချက်အရ သိရပါတယ်။

(၁၈) လအတွင်း PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား (၃၄၈၃) ဦး သေဆုံးခဲ့ကာ (၃၀၆၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူလူထုကို ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။