ရန်ကုန်၊ ဒီဇင်ဘာ (၂)
စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေ၊ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေက စစ်ဘေးရှောင်ပြည်သူတွေရဲ့ ဒုက္ခတွေကို ကလေးငယ်တွေ ပန်းချီဆွဲ ပုံဖော်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မဲဆောက်ဆေးရုံကြီး အနီးမှာ Sweet December Charity Bazaar ပွဲ ကို ကျင်းပနေတာဖြစ်ပြီး ပွဲကို လာရောက်သူတွေအနေနဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် အဝတ်အစားတွေနဲ့ ကလေးငယ်တွေအတွက် အရုပ်တွေကိုလည်း ယူလာကြဖို့ကို တိုက်တွန်းထားပါသေးတယ်။
ဒီပွဲကို ဒီဇင်ဘာ (၁) ရက်ကနေ (၃) ရက်နေ့အထိ ညနေ (၃) နာရီကနေ ည (၈) နာရီအထိ (၃) ရက်ကြာ ပြုလုပ်မှာပါ။
CDM တွေရဲ့ လက်မှုထုတ်ကုန်တွေ၊ ပန်းချီပြိုင်ပွဲ၊ မြန်မာ့ရိုးရာ စားသောက်ကုန်တွေကိုလည်း ရောင်းချပေးနေပါတယ်။