Spread the love

ရန်ကုန်၊ ဒီဇင်ဘာ (၂၅)

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပုလိပ်မြို့ က စစ်ကောင်စီလက်အောက်ခံ ဆိုင်ဆိုပြီး နာမည်ကြီးနေတဲ့ “မင်းထက်ကျော်” မြန်မာစည်ဘီယာနှင့်KTV ဆိုင် ကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ကျွန်ုပ်တို့ အကြိမ်ကြိမ် သတိပေးထားသည့်ကြားက စကစနှ င့်ပူးပေါင်းကာ KTV အတွင်း ဖဲဝိုင်းထောင်၍ လောင်းကစားများ ပြုလုပ်ခြင်း၊ ဘီယာရောင်းချရသော မိန်းကလေးငယ်များအား စခများအတွက် ဆက်ကြေးအဖြစ် ဆပ်သနေခြင်းတို့အတွက် ယခုကဲ့သို့ ပစ်ဖောက်တိုက်ခိုက်” ခဲ့တာ ဖြစ်တယ်လို့ LPDF SINTGAING က ပြောပါတယ်။

တိုက်ခိုက်မှုကို မနေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး “စဉ့်ကိုင်မြို့နယ်အတွင်းက စစ်ကောင်စီထုတ် စည်ဘီယာ ရောင်းချသောဆိုင်များနှင့် KTV ထောင်ဆက်ကြေးပေး လောင်းကစားဝိုင်း လုပ်နေကြသော စခအလိုတော်ကျ စားသောက်ဆိုင်များအနေနှင့် မိမိတို့မကောင်းမှု ဒုစရိုက်အပေါ် ဆင်ခြင်ရှောင်ကြဉ်နိုင်ရန် ထပ်မံသတိပေး တားမြစ်လိုက်ပါ” တယ်လို့ သူတို့အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။