ရန်ကုန်၊ ဒီဇင်ဘာ (၂၉)
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံတက္ကသိုလ်က ကျောင်းသူတစ်ဦး ဖြစ်တဲ့ မမြသန္တာအောင် (ခ) မချယ်ရီ ကို ဖမ်းဆီးခံခဲ့ရတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ (၁၆) ရက်နေ့က မမြသန္တာအောင် ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပုဒ်မ (၅၀) ည နဲ့ တရားစွဲဆိုထားကာ လက်ရှိအချိန်မှာ သူကို အင်းစိန်ထောင်မှာ ချုပ်ထားတာပါ။
မမြသန္တာအောင် မြန်မာစာ နောက်ဆုံးနှစ်ကျောင်းသူ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နွေဦးတော်လှန်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို မကြာခဏဆိုသလို ဖမ်းဆီး အရေးယူ ထောင်ဒဏ်ချမျိုးတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။