Spread the love

ရန်ကုန်၊ ဇန်နဝါရီ (၂၄)

နောက်နှစ် နွေဦးတော်လှန်ရေး (၃) နှစ်ပြည့်တဲ့ အချိန်ရောက်ရင် ပြည်သူလူထုအတွက် ဘယ်လို ပန်းတိုင်မျိုးကို ရောင်အောင် ဦးဆောင်ကြမှာလဲဆိုတာ ကြိုတင်စဉ်းစားထားဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

“အခုလည်း နွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ ခိုင်မာကျစ်လစ်တဲ့ နိုင်ငံရေး ပဋိညာဉ်တစ်ခုရအောင် ဆွေးနွေး ညှိနှိုင်းမှုတွေ မပြတ် ရှိနေတာကို တွေ့ရပါတယ်။ ခုခံတော်လှန်စစ်မှာ ခိုင်မာသော မဟာမိတ်ဆက်ဆံရေးကိုလည်း စနစ်တကျ တည်ဆောက်နေကြပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် ကျွန်တော်တို့အားလုံးမှာ ဘုံသဘောတူညီချက်တွေ ဘုံရည်မှန်းချက်တွေ လိုအပ်ပါတယ်။ နိုင်ငံတစ်ခု ပြန်လည်ထူထောင်ရေး ကိစ္စဟာ အင်မတန် နက်နဲသလို အင်မတန်လည်း ရှုပ်ထွေးပါတယ်။” ထောက်ပြ ပြောကြားခဲ့တာပါတယ်။

ယာယီသမ္မတ က ဒီနေ့မှာ ပြုလုပ်ခဲ့တဲ့ NUG အစည်းအဝေးမှာ သူက အခုလို ပြောဆိုလိုက်တာပါ။

“ခုခံတော်လှန်စစ်ကို ဒီထက်အောင်မြင်အောင်လည်း ကြိုးပမ်းလုပ်ဆောင်ရမယ်၊ အဆုံးသတ် အဖြစ်နဲ့ အပြုတ်တိုက်ရမယ့် တိုက်ပွဲအတွက်လည်း အစစအရာရာ စနစ်တကျ ပြင်ဆင်ထားရမယ်၊ တော်လှန်ရေး သက်လုံတွေ မြှင့်ထားရမယ်၊ အဆုံးသတ် တိုက်ပွဲကို ဦးတည်နိုင်မှ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို မျှော်လင့်နိုင်မယ်” လို့ ပြောပါတယ်။

အခုမကြာခင် ရောက်ရှိတော့မယ့် နွေဦးတော်လှန်ရေး (၂) နှစ်ပြည်တော့မှာ ဖြစ်လို့ ဒီကာလအတွင်းNUG အဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ရဲ့ လုပ်ကိုင်ခဲ့တဲ့ ရပ်လုပ်တွေအပေါ်မှာ ပြန်လည်သုံးသပ်ဆင်ခြင်ဖို့လည်း လိုအပ်တယ်လို့ သူက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ ဦးခင်ရီ က
“၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲမသမာမှုအချက်အလက်များနှင့် အကြောင်းအရာများကိုလည်းကောင်း၊ တစ်နိုင်ငံတည်း တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြသည့် တိုင်းရင်းသားများ ဖြစ်ကြသည့်အတွက် မလိုသူတို့၏သွေးထိုးမှုများကို နားမယောင်ကြရန်နှင့် အချင်းချင်းသွေးစည်းညီညွတ်ကြရန်၊ ” လိုတယ်လို့ ဒီလမှာ သွားရောက်ခဲ့တဲ့ ရှမ်းပြည်နယ်ခရီးစဉ်အတွင်း အခုလို ပြောကြားခဲ့ပါတယ်။