ရန်ကုန်၊ဖေဖော်ဝါရီ(၁၆)
၂၀၂၃ခုနှစ် ဖေဖော်ဝါရီ(၂၇)ရက်ကနေ မတ်လ(၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်မယ် ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှု (Cobra Gold Exercise 2023) မှာ ထိုင်ခုံအရေအတွက် ကန့်သတ်ထားတာမို့လို့ မြန်မာနိုင်ငံကို ဖိတ်ကြားသွားမှာ မဟုတ်ဘူးလို့ ထိုင်းဗိုလ်ချုပ်ကြီး Thitichai Tiantong က ပြောပါတယ်။
အမေရိကန်နဲ့ ထိုင်းအပါအဝင် နိုင်ငံပေါင်း(၃၀) က တပ်ဖွဲ့ဝင် အင်အား(၇၃၉၄) ပါဝင်မယ့် ရွှေမြွေ ဟောက်စစ်ရေးလေ့ကျင့်မှု (Cobra Gold Exercise 2023) ကို ၁၉၈၂ခုနှစ်က စတင်ခဲ့ပြီး ဒီနှစ်ဟာ (၄၂)နှစ်မြောက် ဖြစ်ပါတယ်။
အခုနှစ်မှာ အမေရိကန်က တပ်ဖွဲ့ဝင်အင်အား(၆၀၀၀) ကျော် ပါဝင်မှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က တပ်ဖွဲ့ဝင်အင်အား(၁၃၀၀) ကျော်သာ ပါဝင်ခဲ့ပါတယ်။
Cobra Gold Exercise 2023 ရဲ့အဓိက စစ်ရေးလေ့ကျင့်အမှုကို ထိုင်း၊ အမေရိကန်၊ စင်္ကာပူ၊ ဂျပန်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ မလေးရှားနိုင်ငံတို့က ပါဝင်မှာဖြစ်ပြီး တရုတ်၊ သြစတေးလျနဲ့ အိန္ဒိယနိုင်ငံ တို့ကတော့ လူသားချင်းစာနာထောက်ထားမှု လေ့ကျင့်ခန်းတွေ ပါဝင်မှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။