Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၂)

မြန်မာနိုင်ငံအတွင်းက ပြည်သူ (၃) ယောက်မှာ (၁) ယောက်က ငတ်မွတ်ခေါင်းပါးမှု အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ တရားဝင် ဖော်ပြချက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံအတွင်းက လူဦးရေတစ်ဝက်ကျော်ဟာ ဆင်းရဲနွမ်းပါးမှု အခြေအနေကို ရောက်ရှိနေပြီ ဖြစ်လို့ တစ်တိုင်းတစ်ပြည်လုံး အနေနဲ့ အလွန်ဆိုးရွားတဲ့ ဒုက္ခကို ရင်ဆိုင်ခံစားနေရတာ ဖြစ်ပါတယ်။

“အကြမ်းဖက်စစ်အာဏာရှင်များသည် စစ်လက်နက်သာမက ငတ်မွတ်ခေါင်းပါးခြင်း၊ ရောဂါနှင့် ဆင်းရဲဒုက္ခပေါင်းများစွာကို လက်နက်သဖွယ်အသုံးပြုပြီး မြန်မာပြည်သူထူထုကို အကြမ်းဖက် တိုက်ခိုက်” နေတာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ က ပြောပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ စုစုပေါင်း ၁ ဒသမ ၅ သန်းကျော်ရှိလာပြီ ဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အခုနှစ်မှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတဝှမ်းက လူဦးရေ (၄) သန်းကျော် ကို
လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေက လိုအပ်တဲ့အကူအညီတွေ ပံ့ပိုးပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။