Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၂)

ကော်ဘရာစစ်ကြောင်းက တာဝန်ယူစောင့်ရှောက်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးဝေါ်လေလမ်းမကို စစ်ကောင်စီအဖွဲ့က ဒီနေ့ နေ့လည်မှာ ဖြတ်သန်းသွားချိန် အပြန်အလှန်ပစ်ခတ်မှု ရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် စုစုပေါင်း (၂) ဦး သေဆုံးခဲ့ကာ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“၅၈၅တပ်ရင်း၊ စကစ ၁၃ ထုတ်နုတ်အဖွဲ့၏ ယာဉ်(၃)စီးသည်
ကော်ဘရာစစ်ကြောင်း တာဝန်ယူစောင့်ရှောက်နေသော ဖလူးဝေါ်လေလမ်းမမှ ဖြတ်သန်းရာ ကော်ဘရာစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုသို့ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ ၁၅မိနစ်ခန့်သာ ကြာခဲ့သော်လည်း ရန်သူဘက်မှ ဗိုလ်မှူး(၁)ဦးးနှင့် အခြားအဆင့်(၁)ဦးး သေဆုံးခဲ့ပြီး (၄)ဦးဒဏ်ရာရခဲ့သည်။” တယ်လို့ ဒီနေ့ညမှာ ကော်ပရာစစ်ကြောင်းက အသိပေးပြောကြားလိုက်ပါတယ်။

တိုက်ပွဲဖြစ်နေချိန်အတွင်းမှာ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ပြည်သူတစ်ဦးရဲ့ ဦးခေါင်းထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က အခုချိန်ထိ တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။