Spread the love

ရန်ကုန်၊ မတ် (၂၂)

ပြည်တွင်းမှာအသက်စွန့်ပြီး တိုက်ပွဲဝင်နေသူတွေကို ပြည်ပကလည်း အမြဲအားအင်ပေးနေတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် က ပြောပါတယ်။

“တော်လှန်ရေး ရဲဘော်များသည် မြေပြင်ရော ဝေဟင်ရော ပညာရှင် တွေပါလာသည့်အတွက် လုပ်နိုင်စွမ်း များပါကြောင်း၊ ပိုစတာများဖြင့် ကြွေးကြော်မှုများသည် ကမ္ဘာကိုထိရောက်သည့် အဆုံးအဖြတ်ဖြစ်ပါကြောင်း၊ လူထုသပိတ်တိုက်ပွဲများကို အားလုံးညီအောင် လုပ်ဆောင်ပေးစေလိုပါကြောင်း၊ တသံတည်းညီ တသံတည်းထွက်၍ တပြိုင်နက်တည်း ညီအောင်လုပ်ရမည်ဖြစ်ကြောင်း၊ ယခုကမ္ဘာမှာ စာမေးပွဲအောင်နေပြီး ဂုဏ်ထူးရအောင် ကြိုးစားနေကြောင်း၊ လောလောဆယ်မှာ အဓိကနဲ့ သာမညခွဲခြားပြီး လုပ်နိုင်ရန်လိုကြောင်း၊ လူထုလှုပ်ရှားမှုနှင့် ပေါင်းစပ်ကြရမည်ဖြစ်ကြောင်း၊” မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ မြေပြင်သပိတ်အင်အားစုတွေနဲ့ မနေ့က တွေ့ဆုံချိန်မှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မန္တလေးသပိတ်စစ်ကြောင်းတွေကို ဦးဆောင်နေသူတစ်ဦးဖြစ်တဲ့ ‌ဒေါက်တာတေဇာဆန်း ကလည်း “စစ်ရေး၊ နိုင်ငံရေးတွင် စစ်အုပ်စုမှ အကြပ်အတည်းရှိနေကြောင်း၊ ဟန်ချက်ညီစွာ ကြိုစားကြရမည်ဖြစ်ပြီး ခုခံတော်လှန်ခြင်း၊ CDM၊ သွေးစွန်းငွေဖြတ်တောက်ရေး၊ စစ်ရေး အားလုံး ပြိုင်တူတွန်းကာ လုပ်ဆောင်ကြ” ဖို့ လိုတယ်လို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး က “အဓိက‌အကြောင်းရင်းသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် တရားမဝင်ရွေးကောက်ပွဲအတွက် ပြည်သူ့‌အားနဲ့ လှုပ်ရှား၍ အကောင်အထည်ဖော်နိုင်ရန် အားလုံး ညီညွတ်စွာ လုပ်ဆောင်နိုင်ရန်အတွက် ဖြစ်ကြောင်း၊ နိုင်ငံတကာမှလည်း မြေပြင်သပိတ် အင်အားကြောင့် အကြမ်းဖက်စစ်ကောင်စီကို ခြိမ်းခြောက်နိုင်မှုကို တွေ့ရှိပါကြောင်း ပြည်သူ့အားနှင့်စည်းရုံးနိုင်မည့် ဖက်ဒရယ်ပဋိညာဉ်နှင့် ပတ်သက်၍ အနာဂါတ်ဖက်ဒရယ် ဖြစ်စေဆောင်နိုင်” မယ်လို့ ယုံကြည်တယ်လို့ သူက ပြောပါတယ်။