Spread the love

ရန်ကုန်၊ ဧပြီ (၂၂)

ဂျာမနီနိုင်ငံအနေနဲ့ အခုနှစ်မှာလည်း မြန်မာနိုင်ငံက ပြည်သူတွေကို ဆက်လက် ထောက်ပံ့ပိုး ကူညီပေးသွားမယ်လို့ ဂျာမနီသံရုံး တာဝန်ရှိသူ York Schuegraf က ကတိပေး ပြောကြားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ (MHF) ထည့်ခဲ့တဲ့ နိုင်ငံတွေထဲမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဂျာမနီနိုင်ငံဟာ ယူရို ၁၂ သန်း နဲ့ အများဆုံးရန်ပုံငွေ ထည့်ခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။

“လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များ သိသိသာသာ မြင့်မားလာကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်များ လုပ်ဆောင်ရာတွင် ဆက်လက်ကြုံတွေ့နေရ” တယ်လို့ သူက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းကျော် ရှိလာပြီ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ဧပြီ (၁၀) ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *