Spread the love

ရန်ကုန်၊ မေ (၈)

စစ်ကောင်စီကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တဲ့အခါ အလှူငွေတစ်သိန်းအထက် ထည့်သူတွေရဲ့ နာမည် (သို့မဟုတ်) ကြိုက်နှစ်သက်တဲ့ နာမည်ကို ဗုံးသီးမှာ ချိတ်ဆွဲ တိုက်ခိုက်ပေးမယ်လို့ Falcon Wings က ပြောပါတယ်။

“အခု အဲ့ဒီဆန္ဒတွေ ဖြည့်ဆည်းပေးပါတော့မယ်။ အလှုငွေ ၁ သိန်းနဲ့ အထက် ထည့်ဝင်လှုဒါန်းသူတိုင်းကို နာမည် ဒါမှမဟုတ် ကိုယ်ကြိုက်နှစ်သက်တဲ့ စာသားတွေကို အသီးဖင်မြှီးမှာ စာတန်းရေးထိုးပေးပါ့မယ်။ လုံခြုံရေး အခြေအနေအရတော့ ကျွန်တော်တို့ NUG Pay ကနေသာ အလှုငွေ လက်ခံနိုင်မှာ ဖြစ်ပါတယ်။ စာတန်းထိုးလိုတဲ့ နာမည်/စာသားတွေကိုတော့ Falcon Wings page ကို message လာရောက်ပေးပို့ ဆက်သွယ်နိုင်ပါတယ်။” လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တွန်းလှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်လက်နက် အသုံးအဆောင်တွေကို ဝယ်ယူနိုင်ဖို့အတွက် လိုအပ်ချက်အရ ရန်ပုံငွေတွေကို ပြည်သူလူထုဆီက အလှူခံနေရတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *