Spread the love

ရန်ကုန်၊မေ(၁၆)

မန္တလေးတိုင်းဒေသကြီး၊ ပလိပ်မြို့၊ ဈေးကွက်သစ်ရပ်ကွက်၊ EPC ရုံးရှေ့မှာ ဆေးခန်းဖွင့်လှစ်ထားတဲ့ ဒေါက်တာတင်ချိုချိုကို ကို မနေ့(မေ၁၅)ရက် ညနေပိုင်းမှာ အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့ လာရောက် ပစ်ခတ်ခဲ့လို့ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့ ညနေ(၆)နာရီကျော်လောက်မှာ လူ(၂)ယောက်လာပြီး ပစ်သွားတာပါ၊ ဒေါက်တာချို နာမည်နဲ့ ဆေးခန်းဖွင့်ထားတဲ့ မီးရထားဆေးရုံအုပ်ပါ၊ ဆရာဝန်တွေ CDM လုပ်တာနဲ့ ပတ်သက်ပြီး သူကဖိအားပေးတာ စာရင်းပို့တာတွေရှိတယ်လို့တော့ သိရတယ်၊ ဘယ်အဖွဲ့အစည်းက ပစ်တာလည်းဆိုတာတော့ မသိပါဘူး” လို့ ပလိပ်မြို့၊ ဈေးကွက်သစ်ရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

သေဆုံးသူ ဒေါ်တင်ချိုချိုကို ဟာ မြစ်ငယ်မီးရထားစက်ရုံ ဆေးရုံအုပ်ကြီး ဖြစ်ပြီး ပစ်ခတ်မှုကြောင့် လည်ပင်းကျည်ထိမှန်ပြီး နေရာမှာပဲ သေဆုံးခဲ့တာ ဖြစ်သလို ပစ်ခတ်မှုဖြစ်ခဲ့တဲ့ နေရာမှာလည်း Thai Arms 9 mm အမျိုးအစားကျည် (၁) ခု တွေ့ရှိရတယ်လို့ စစ်အုပ်စုဘက်က သတင်းရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *