Spread the love

ရန်ကုန်၊ မေ (၂၁)

မုံရွာ မန္တလေး အမြန်လမ်းက စွမ်းရည်ထက် စက်သုံးဆီဆိုင်အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကို မေ (၁၉) ရက်နေ့က တိုက်ခိုက်ခဲ့တယ်လို့ PDF ပူးပေါင်းအဖွဲ့ဆီက သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ တောပုပျူရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကိုလည်း မေ (၁၉) ရက်နေ့က တိုက်ခိုက်ခဲ့တယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်တဲ့ Area71 people defense force Monyawa က ပြောပါတယ်။

“မုံရွာ မန္တလေး အမြန်လမ်းမ စွမ်းရည်ထက် စက်သုံးဆီ ဆိုင်အနီးအကြမ်းဖက် စစ်ကောင်စီ၏ ခြေကုပ်စခန်းနှင့်။ တောပုပျူရွာ မှ ခိုးဆိုးလုနှိုက်ရန် ထွက်လာသော စစ်ကောင်စီ၏လက်ပါးစေ စစ်ကျွန်ပျူများအား ညီနောင်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြရာ စခများနှင့် စစ်ကျွန် ပျူလောက်ကောင်များ ထိခိုက်မှုရှိခဲ့ပြီး Tayဆုံးမှု စာရင်းအား အတည်မပြုနိုင်သေးပါ။ မိဘပြည်သူများကို အသိပေး သတင်းကောင်းပါအပ်ပါသည်။” လို့ သူတို့က ဒီနေ့ နေ့လည်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *