Spread the love

ရန်ကုန်၊ ဇွန် (၄)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးအနီးက စစ်ကောင်စီအဖွဲ့ကို ဒီနေ့ မနက်က ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ်အခြေပြု တပ်ရင်း ၈ က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေဆုံးသူတွေရှိခဲ့ပြီး သေနတ် G3 ၄ လက်၊ ကျည်ဘောက် ၄ ခု နဲ့ ကျည် ၄၉ တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုမနက် တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *