Spread the love

ရန်ကုန်၊ ဇွန် (၈)

စစ်ကောင်စီလက်အောက်ခံ ခမရ ၃၆၃၊ ခမရ ၃၆၉ တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၂) ရက်ကြာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသူနှစ်ဦးထက် မနည်းရှိခဲ့သလို ဒဏ်ရာရရှိသူလည်း ဒါဇင်ကျော် ရှိခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း ၁ က ပြောပါတယ်။

“၂.၆.၂၀၂၃ ရက်နေ့တွင် ကိုးထောင်ဘို့မှ ခမရ ၃၆၃ အင်အား ၅၃ဦးခန့် စစ်ကြောင်းသည် သစ်ဖုလ ဘုရားကုန်းသို့ လာရောက်စစ်ကူပေးရာ ထိုစစ်ကြောင်းအားလဲ တိုက်ခိုက်ခဲ့ပါသည်။ ၄.၆.၂၀၂၃ တွင် စစ်ကြောင်းနှစ်ကြောင်းပေါင်းပြီး အုန်းပင်ကုန်းရွာဘက်မှ ပြန်ဆုတ်ခွာရာ တပ်ရင်း ၁ မှ ထပ်မံတိုက်ခိုက်ခဲ့၍ ရှေ့မတိုးနိုင်ပဲ အုန်းပင်ကုန်းရွာထဲသို့ ဆွဲတဲ့သူဆွဲ တွဲတဲ့သူတွဲနှင့် ရွာထဲဝင်ပုန်းနေပြီး လေယာဉ်ပစ်ကူ ဝန်းသိုစကစ တပ်ရင်းမှ ဟောင်ဝင်ဇာ 105 များပါ ပစ်ကူတောင်း၍ ဆုတ်ခွာရန် ပြင်ဆင်လျက် ရှိနေပါသည်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(၂) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်သုံးပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“စကစ ခမရ ၃၆၃ ခမရ ၃၆၉ တို့ ၂ ရက်နေ့နှင့် ၄ ရက်နေ့တိုက်ပွဲအတွင်း ရန်သူဘက်မှ သေဆုံး ၂ ဦး ထိခိုက်ဒဏ်ရာရ ၁၃ ဦးထိရှိဟု သိရှိရပြီး” ဖြစ်တယ်လို့ သူတို့က မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က စစ်ကိုင်းတိုင်းဒေသကြီးမှာ (၂) ရက်ကြာ ဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာ မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *