အသက် (၁၉) နှစ်အရွယ် ကျောင်းသား ကိုဟိန်း ဟာ အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် (၂) နှစ်ကျော်ကာလအတွင်းမှာ သူဟာ CDM ကျောင်းသားတစ်ဦးအဖြစ်ကနေ ဘဝရပ်တည်ရေးအတွက် စပါယ်ယာ (ယာဉ်နောက်လိုက်)၊ ပန်းရံ (ဆောက်လုပ်ရေးလုပ်ငန်းခွင်က အကူအလုပ်သမား)၊ စက်ရုံအလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ သူဟာ သတင်းထောက်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။