Spread the love

ရန်ကုန်၊ ဇွန် (၁၁)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့၊ စစ်ကောင်စီတပ်စခန်းက ထွက်ပြေးလာတဲ့ တပ်သားစောနောင်ထွန်း နဲ့ တပ်သားအောင်မျိုးကျော် တို့နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ပြောပါတယ်။

တပ်သားစောနောင်ထွန်း နဲ့ တပ်သားအောင်မျိုးကျော် တို့နှစ်ဦးကို CNDF ရဲ့ စစ်ဆေးရေးဂိတ်မှာ ဇွန် (၆) ရက်နေ့ထဲက ဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်တယ်လို့ သူတို့က ပြောပြပါတယ်။

“စစ်ကောင်စီလက်အောက်တွင် တာဝန် ထမ်းဆောင်လို စိတ်မရှိတော့၍ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၄)ရက်နေ့တွင် ကင်းပုန်း တာဝန်ကျရာမှ ထွက်ပြေး လာခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှင့်အတူ MA 1 သေနတ်တလက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၃၃၀ တောင့်၊ MG1 လက်ပစ်ဗုံးတစ်လုံး ပါရှိ” တယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *