Spread the love

ရန်ကုန်၊ ဇူလိုင် (၁၄)

လက်နက်ကိုင်တော်လှန်ခုခံဖို့ ရွေးချယ်ခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ အချိန်သိပ်ကြာနေလို့ မဖြစ်သလို လုပ်စရာရှိတာတွေကို အချိန်ကန့်သတ်ချက်နဲ့ မြန်မြန်ပြီးအောင် လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

“မိမိတို့အားလုံး တွန်းတွန်းတိုက်တိုက်ဖြင့် တက်ညီလက်ညီ အတူကြိုးစား လုပ်ဆောင်သွားမှသာ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ပြီး နွေဦးတော်လှန်ရေး အမြန်အောင်မြင်မှာ ဖြစ်” တယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးမှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက “နွေဦးတော်လှန်ရေးအတွင်းက စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းရေး စီမံချက်ဟာ အင်အားနည်းပါးလို့ လုံးဝမရပါဘူး။ ဒါ့ကြောင့် အားလုံးက ကဏ္ဍစုံကနေ ဝိုင်းဝန်းအားဖြည့်ကြဖို့ အထူးလိုအပ်ပါတယ်။” ဇူလိုင်လ (၁၁) ရက်နေ့က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့စတင်ကာ မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းထားတာဖြစ်ပြီး အခုဆို အချိန်နှစ်နှစ်ကျော်ကြာနေပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *