Spread the love

ရန်ကုန်၊ ဇန်နဝါရီလ (၂)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကင်မလင်းကျွန်းရပ်ကွက် မှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံး အတွင်းကို မနေ့ မနက်အစောပိုင်းက မီးပုလင်းပစ်ခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

“မနက်အစောကြီး ရုံးထဲကို ပစ်ထည့်သွားတာဆိုတော့ ဒီဘက်မှာနေတဲ့သူတွေ ဘယ်သူတော့ မသိလိုက်ဘူး မီးပုလင်းပစ်ထည့်လိုက်ပြီး ခဏနေတော့ ရုံးထဲက လူတွေထွက်လာပြီး မီးဝိုင်းသတ်လိုက်တယ်လို့တော့ကြားတယ်” လို့ ကင်မလင်းကျွန်းရပ်ကွက် နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မီးပုလင်းပစ်ခတ်မှုကို ဧရာဝတီဒေသခံကာကွယ်ရေးတပ်ဖွဲ့ က ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီကို လက်နှက်ဖိုး၊ ကျည်ဆံဖိုးတွေ ရှာဖွေ ထောက်ပံ့ပေးနေတဲ့အတွက် အခုလိုလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ Irrawaddy Local Defense Force အဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တဲ့ မည့်သည့်ထောက်တိုက်ကိုမဆို ရှင်းလင်းဖယ်ရှားသွားမှာ ဖြစ်တယ်လို့ ဧရာဝတီဒေသခံကာကွယ်ရေးတပ်ဖွဲ့ က ပြောပါတယ်။