Spread the love

ရန်ကုန်၊ ဇူလိုင် (၂၂)

ကရင်ပြည်နယ်၊ မြဝတီမြို့၊ လက်ခတ်တောင်တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကော်ပရာစစ်ကြောင်းက ပြောပါတယ်။

PDF ပူးပေါင်းတပ်ဖွဲ့ဟာ ဇူလိုင် (၂၀) ရက် မနက်က စတင်ကာ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မနေ့ မနက်က လက်ခတ်တောင်ကြော တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် ဆက်သွယ်ရေးစက်(၁)လုံး၊ 60mm(၁၆)လုံး၊ ရှေ့ထွက်မိုင်း(၆)လုံး၊ ကားမိုင်း(၉)လုံး၊ Jammerစက်(၂)လုံး၊ မိုင်းရှာစက်(၂)လုံး၊ စက်လက်ပြောင်း(၁)ပြောင်း၊ ကွန်မန်ဒို60mmပြောင်း(၂)လက်၊ 40mm(၉)လုံး၊ G3ကျည်ဘောက်(၄)ခု၊ MAကျည်ဘောက်(၂)ဘောက်၊ စစ်ခမောက်(၈)လုံး၊ RPGပို့ယမ်း(၃)တောင့်၊ RPGသီး(၁)လုံး၊ 7.62ကျည်(၁၈၈၀)တောင့် နဲ့ 5.56ကျည်(၃၀၂)တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ သူတို့က ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ခမရ(၁၁၈)၊ လ(၈) တပ်က အဖွဲ့ဝင်တွေ ထိခိုက်၊ သေဆုံးတာတွေ ရှိခဲ့သလို PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော် (၆) ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုမှာ တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက် နဲ့ Federal Wings က ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *