Spread the love

ရန်ကုန်၊ဒီဇင်ဘာ(၁)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေလို့ ဒီနေ့မနက်က စစ်ကောင်စီရုံးတွေ မီးလောင်ပျက်စီးခဲ့ပြီး နှစ်ဖက်ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာမှာ ပုန်းအောင်းနေရတယ်လို့ သိရပါတယ်။

“အခုမနက်ကတည်းက တိုက်ပွဲကပိုပြင်းလာတာ၊ ဟိုရင်တွေကတည်းက ဖြစ်နေတာတော့ အားလုံးသိတဲ့အတိုင်းပဲ၊ အဲ့ဒီကတည်းက ပိတ်နေတဲ့ ကားတန်းတွေလည်း အခုဆိုပိုပြီးဆိုးနေတယ်၊ ဒီဒေသခံတွေကတော့ ထိုင်းဘက်ကိုပြေးကုန်ပြီ၊ မြို့ထဲမှာကျန်တဲ့လူနဲ့ ဒီဘက်ရောက်တဲ့လူတွေကတော့ အဆင်ပြေသလို ပုန်းနေရတယ်” လို့ ကော့ကရိတ်မြို့မှာ ပိတ်မိနေတဲ့ ကုန်ကားမောင်းသူတစ်ယောက်ကပြောပါတယ်။

ကော့ကရိတ်မြို့ အတွင်းကနေရာတချို့မှာ စစ်တပ်ကခံစစ်ဆင်ပြီး တိုက်ခိုက်နေတာကြောင့် မြို့တွင်းတိုက်ပွဲတွေလည်း ပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်တာတွေရှိလို့ နေရာတချို့မှာ မီးလောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်းကစပြီး ကော့ကရိတ်မြို့အနီးက ဆင်ကုန်းကျေးရွာနဲ့ တတန်ကူးကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA / PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေစတင်ဖြစ်ခဲ့ပြီး ဒီနေ့အထိ တိုက်ပွဲတွေပြင်ထန်းနေတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *