Spread the love

မွန်၊ဒီဇင်ဘာ(၃)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အတွင်းထဲမှာရှိတဲ့ တိုင်းမှူးနေအိမ်နဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ်နေအိမ် အပါအဝင် ၄ နေရာကို ဒီဇင်ဘာ ၁ ရက်နေ့ ညနေက ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ (Alpha bats ) နဲ့ မွန်ပြည်နယ်ပကဖ၊ KNDO တပ်ရင်း ၆ တို့ ပူးပေါင်းပြီး Kamikaze drone တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် အတွင်းထဲမှာ လျှို့ဝှက်နေထိုင်နေတဲ့ စစ်တိုင်းမှူးနေအိမ်၊ ပြည်နယ်ဝန်ကြီးချုပ်နေအိမ်၊ ရဟတ်ယာဉ်မောင်း ပိုင်းလော့တွေရဲ့ တည်းခိုရိပ်သာနဲ့ မွန်ပြည်နယ် ရဲတပ်ရင်း ၁၅ ရဲတပ်ရင်းမှူးအိမ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီလိုတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်၊ ပျက်စီး သေဆုံးတွေ မသိရသေးပါဘူး။

စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မွန်၊ ကရင်၊ နေပြည်တော် ဒေသတွေမှာ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ စစ်ကောင်စီရဲ့ အရေးကြီးနေရာတွေကို fix wing drone ကတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *