Spread the love

ထားဝယ်၊ဒီဇင်ဘာ(၃)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီးက တည်ဆောက်နေဆဲ အကျဉ်းထောင်သစ် ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း ဒီနေ့မနက်က လက်နက်တပ်ဖွဲ့တချို့ ရောက်ရှိလာခဲ့ပြီးနောက် ယန္တရားတွေကို မီးရှို့ဖျက်ဆီးသွားသလို အလုပ်သမား (၆)ယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက C8 News ကိုပြောပါတယ်။

ဒီနေ့မနက်(ဒီဇင်ဘာ၃)ရက်နေ့ မနက် ၉ နာရီကျော်အချိန်က လက်နက်ကိုင်ဆောင်ထားတဲ့ လူ ၅၀ကျော်ပါဝင်တဲ့ အဖွဲ့တွေ​ေရာက်ရှိလာပြီးနောက် လုပ်ငန်းခွင်အတွင်းက စက်တချို့ကို မီးရှို့ဖျက်ဆီးခဲ့သလို အလုပ်သမားတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ အကျဉ်းထောင်အသစ် ဆောက်လုပ်နေတဲ့ ထားဝယ်မြို့နယ်၊ ဇီးကျကျေးရွာအနီးမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်က ထားဝယ်အကျဉ်းထောင်ကနေ ထောင်ဝန်ထမ်းနှစ်ယောက် အကျဉ်းသားတွေကို ရိုက်သတ်ကာ ထွက်ပြေးတာ ဖြစ်ခဲ့ပါတယ်။

မြေသန့်ရှင်ရေးလုပ်ကိုင်ဖို့ အတွက်ထုတ်လာတဲ့ လွတ်ရက်နီး အကျဉ်းသား ၅ ယောက်က ရိုက်သတ် ထွက်ပြေးသွားတာဖြစ်ပြီး အဲ့ဒီထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေထဲက တချို့ကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးရမိထားပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *