Spread the love

မောင်တော၊ ဒီဇင်ဘာ (၁၆)

ရခိုင်ပြည်နယ်၊ မောင်တောမြို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဌာနက ဒုဦးစီးတစ်ယောက်နဲ့ အထက်တန်းစာရေးနှစ်ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ယောက်ကျော်က ရုံးအတွင်း ဝင်ရောက်ပြီး မနေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ မနက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်တွေမြို့က ဒေသခံ (၃) ယောက်ကို နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။

မင်းပြားရဲစခန်းအနောက်ဘက် အများပြည်သူ သောက်သုံးကန်နေရာအနီးမှာ ဒေသခံတစ်ယောက်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့မိုင်းကို မနေ့ နင်းမိလို့ ခြေထောက်နှစ်ဖက်လုံး ဖြတ်တောက်ခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ နခခ ၅ တပ်ရင်းဟာ မောင်တောမြို့နယ်က ကံပြင်သာစည်ကျေးရွာ နဲ့ ရွာသာယာကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ရွာသာယာက ဒေသခံအမျိုးသမီးတစ်ယောက် လက်နက်ကြီး ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *