Spread the love

မူဆယ်၊ ဒီဇင်ဘာ (၁၆)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ၁၀၅ မိုင် ဗျူဟာကုန်းမှာ စစ်ကောင်စီဆီက သိမ်းဆည်းရမိထားတဲ့ တင့်ကားနှစ်စီးကို နောက်ခံထားပြီး ရက္ခိုင့်တပ်တော် AA ရဲ့ အလံလွှင့်တင်ထားတဲ့ပုံကို ဗိုလ်ချုပ်ထွန်းမြတ်နိုင် က သူရဲ့ twitter လူမှုကွန်ရက်ကတစ်ဆင့် ဒီနေ့ နေ့လယ်မှာ ပြည်သူတွေကို အသိပေးလိုက်ပါတယ်။

ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က “သာလီစွပါ ၁၀၅ မိုင်” လို့ ရေးသားထားပါတယ်။

မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့အနေနဲ့ မူဆယ် ၁၀၅ မိုင် စခန်းကို သိမ်းပိုက်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

မနေ့ မနက်က စစ်ကောင်စီတပ်ဖွဲ့ဟာ ၁၀၅ မိုင် တပ်စခန်းအနီးကို ဂျက်ဖိုင်တာနဲ့ နှစ်ကြိမ်၊ Mi 35 ရဟတ်ယာဉ်နဲ့နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *